Singapore အလည်သွား လမ်းညွှန်

Passport

Myanmar Passport type "PV" လုပ်ထားသူများသာ အလည်သွားအဆင်ပြေပါမည်။

လေယာဉ်လက်မှတ်

လေယာဉ်လက်မှတ် (အသွား/အပြန်) ၁လ လောက်ကြိုဝယ်ထားတာပိုကောင်းပါသည်။

ဟော်တယ် (သို့မဟုတ်) တည်းခိုမည့်အိမ်

မိမိနေထိုင်မည့် ဟော်တယ် (သို့) အိမ်လိပ်စာကြိုစီစဉ်ထားပါ။

SG Arrival Card(SGAC)

Visit Visa လျောက်ရန်မလိုအပ်ပါ။
SG Arrival Card ၃ ရက် ကြိုဖြည့်ရပါမည်။

Let's go

Passport/လေယာဉ်လက်မှတ်/နေထိုင်မည့်လိပ်စာ ရှိလျှင် Singapore ကိုသွားလည်နိုင်ပါပြီ။


အောက်တွင် အသေးစိတ် အချက်အလက်များ ဖတ်ရှုနိုင်ပါသည်။


- Myanmar Passport type "PV" လုပ်ထားသူများသာ အလည်သွားအဆင်ပြေပါမည်။ PJ , PE များသည် Job , Education အတွက်ထုတ်ပေးတာဖြစ်သောကြောင့် အလည်သွားလျှင်  PJ ဆိုလျှင် OWIC လိုအပ်ပါသည် အလုပ်ရှုပ်ပါသည်။

- လေယာဉ်လက်မှတ် အသွား/အပြန်စာ ဝယ်ထားရပါမည်။   Myanmar National Airlines (MNA),  Myanmar Airways International (MAI),  Singapore Airlines (SQ) လေကြောင်းလိုင်း ၃ ခု Yangon-Singapore-Yangon ပျံသန်းပါသည်။ ၁ လကြိုဝယ်လျှင် စျေးသက်သာပါသည်။ လေကြောင်းလိုင်းပေါ်မူတည်ပီး (သို့) ကြားရက်များသွားလျင်လဲ စျေးသက်သာပါသည်။

- ဟော်တယ် (သို့မဟုတ်) တည်းခိုမည့်အိမ် ကြိုချိတ်ထားရပါမည်။ Singapore သည် ဟော်တယ်ခများ စျေးကြီးပါသည်။ တည S$ 60 တန်ဆိုလျှင်တောင် နေရာသိပ်မကောင်းသော နေရာတွင်သာရပါသည်။

- SG Arrival Card Online မှကြိုဖြည့်ရပါမည်။ မြန်မာနိုင်ငံသားများ Visit Visa လျောက်ရန်မလိုအပ်ပါ။

အထက်ပါ ၄ ခု အဆင်သင့်ဖြစ်ပီဆိုလျှင် Singapore နိုင်ငံသို့ အလည် သွားနိုင်ပါပြီ။

Yangon Airport Departure တွင် လုပ်ဆောင်ရန်များ အောက်ပါ Video တွင်ကြည့်ပါ။


https://eservices.ica.gov.sg/sgarrivalcard/  SG Arrival Card ဖြည့်ရန် ပေးထားသော Singapore အစိုးရ website ကိုနှိပ်ပါ။ Singapore သို့မလာခင် ၃ ရက် ကြိုဖြည့်နိုင်ပါသည်။

- နမူနာ ဖြည့်ပုံအား အောက်ပါ Video တွင်ကြည့်ပါ။

Singapore လေဆိပ်‌တွင် လုပ်ဆောင်ရန်များ

Singapore လေဆိပ်‌တွင် လုပ်ဆောင်ရန်များ အောက်ပါ Video တွင်ကြည့်ပါ။