Singapore Visit Guide

Singapore အလည်သွား လမ်းညွှန်

Singapore သွားရန် Checklist

- Myanmar Passport type "PV" လုပ်ထားသူများသာ အလည်သွားအဆင်ပြေပါမည်။

- လေယာဉ်လက်မှတ် အသွား/အပြန်စာ ဝယ်ထားရပါမည်။

- ဟော်တယ် (သို့မဟုတ်) တည်းခိုမည့်အိမ် ကြိုချိတ်ထားရပါမည်။

- SG Arrival Card Online မှကြိုဖြည့်ရပါမည်။ မြန်မာနိုင်ငံသားများ Visit Visa လျောက်ရန်မလိုအပ်ပါ။

အထက်ပါ ၄ ခု အဆင်သင့်ဖြစ်ပီဆိုလျှင် Singapore နိုင်ငံသို့ အလည် သွားနိုင်ပါပြီ။


1. Passport

  • Myanmar Passport အမျိုးအစား "PV" သည် အလည်ခရီးစဉ်အတွက် ဖြစ်ပါသည်
  • PJ နှင့် PE အမျိုးအစား Passport ကိုင်ဆောင်သူများသည် OWIC Card လိုအပ်ပါသည်
  • Singapore ဝင်ချိန်မှ အနည်းဆုံး ၆ လ Passport သက်တမ်း ကျန်ရမည်

2. Flight Tickets

  • Round-trip (အသွားနှင့် ပြန်လာမည့် ticket ပါ) ဝယ်ပါ

  • ကြိုတင် ၁ လ ခန့် ဝယ်ပါက ဈေးနှုန်း ပိုသက်သာပါသည်. လေကြောင်းလိုင်းပေါ်မူတည်ပီး (သို့) ကြားရက်များသွားလျင်လဲ စျေးသက်သာပါသည်။

  • Yangon–Singapore ကြားနှင့် ပျံသန်းသော airlines:

    • Myanmar National Airlines (UB)
    • Myanmar Airways International (8M / MAI)
    • Singapore Airlines (SQ)

3. Accommodation (တည်းခိုမည့်နေရာ)

  • Hotel, Airbnb, ဆွေမျိုး/သူငယ်ချင်း အိမ် — ကြိုတင် confirm ထားပါ
  • Singapore immigration တွင် address ပြနိုင်ပါမည်
  • Hotel ဈေးနှုန်း: SGD 60+ (တည S$ 60 တန်ဆိုလျှင်တောင် နေရာသိပ်မကောင်းသော နေရာတွင်သာရပါသည်။)

4. SG Arrival Card (SGAC) — မဖြစ်မနေ ဖြည့်ရမည်

Singapore ရောက်မည့် အနည်းဆုံး ၃ ရက် မတိုင်မီ online ဖြည့်ရပါမည်။

ဖြည့်ရမည့် website: eservices.ica.gov.sg/sgarrivalcard

  1. "Submit SG Arrival Card" နှိပ်ပါ
  2. Passport details, travel dates, accommodation address ဖြည့်ပါ
  3. Health declaration ဖြည့်ပါ
  4. Submit နှိပ်ပြီး confirmation ကို screenshot သိမ်းပါ

SGAC ဖြည့်ရာတွင် fee မကုန်ပါ (free) နမူနာ ဖြည့်ပုံအား အောက်ပါ Video တွင်ကြည့်ပါ။


5. မြန်မာ လေဆိပ် ထွက်ရမည့် အဆင့်များ

  1. Check-in counter ကို ကြိုတင် ၂–၃ နာရီ တောင်မူ သင့်ပါသည်
  2. Myanmar immigration counter တွင် exit stamp ရပါမည်
  3. Gate နံပါတ် စစ်ဆေးပြီး boarding လုပ်ပါ

ဆောင်ရမည့် documents:

  • Passport
  • Flight ticket (E-ticket / print-out)
  • Hotel booking confirmation
  • SG Arrival Card confirmation

Yangon Airport Departure တွင် လုပ်ဆောင်ရန်များ အောက်ပါ Video တွင်ကြည့်ပါ။


6. Singapore Changi Airport ရောက်သောအခါ

  1. Immigration lane တွင် တန်းစီပါ
  2. Fingerprint နှင့် face scan ပြုလုပ်မည်
  3. Passport stamp ရမည်
  4. Baggage Claim မှ luggage ယူပါ
  5. MRT / Taxi / Grab ဖြင့် destination သို့ သွားပါ

Singapore လေဆိပ်‌တွင် လုပ်ဆောင်ရန်များ အောက်ပါ Video တွင်ကြည့်ပါ။


7. Singapore တွင် သတိထားရမည့် အချက်များ

  • Chewing gum (ပီကေ) နှင့် မူးယစ်ဆေး တင်သွင်းခြင်း တားမြစ်
  • Public transport ကား/ရထားတို့တွင် Food/Drink သောက်/စားခြင်း S$500 ဒဏ်ငွေ
  • သတ်မှတ်ဧရိယာ ပြင်ပ ဆေးလိပ်သောက်ခြင်း ဒဏ်ငွေ
  • Littering (အမှိုက်ပစ်ခြင်း) ဒဏ်ငွေ

မှတ်ချက်: Official information ကို ICA Singapore နှင့် မြန်မာ သံရုံး (Singapore) မှ verify ပြုလုပ်ပါ။