EID/UID ဆိုသည်မှာ
UID (EID Slip) ဘယ်လိုရမလဲ နှင့် ဘယ်သူတွေ လိုအပ်သည်ဆိုတာ ဤနေရာတွင် ဖတ်ပါ
EID/UID ဆိုသည်မှာ
ယခု လဝက ကထုတ်ပေးနေသော Unique Identification Number (UID) ဆိုတာ မှတ်ပုံတင်အစားထိုးမယ့် နိုင်ငံသား smart card မဟုတ်သေးဘဲ၊ Smart card လုပ်ဖို့ ယာယီထုတ်ပေးထားတဲ့ EID Slip ဖြစ်ပါသည်။ EID Slip ပုံ နမူနာ ပြထားပါသည်။
ပြည်ပထွက်ထွက်မထွက်ထွက် လူတိုင်းကိုလုပ်ပေးနေပါတယ်။ ပြည်ပထွက်မဲ့သူတွေကတော့မဖြစ်မနေလုပ်ထားဖို့လိုပါတယ်။ Passport လျှောက်ရာ၊ OWIC လျှောက်ရာမှာလိုအပ်ပါတယ်။
ဘယ်သူတွေ လိုအပ်သည်
ပြည်ပ ထွက်မည့်သူများ
ပြည်ပထွက်မည့်သူတွေကတော့ မဖြစ်မနေ လုပ်ထားဖို့ လိုပါသည်။ Passport လျောက်ရာတွင်နှင့် OWIC ပြုလုပ်ရာတွင် မဖြစ်မနေ ပါဝင်ပါသည်။
ပြည်တွင်း နေထိုင်သူများ
ပြည်တွင်းနေသူများလည်း UID ကို ရယူထားဖို့ လိုအပ်ပါသည်။ နောင်တွင် identity verification အတွက် ပြုသုံးမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။

UID (EID Slip ) ဘယ်လိုလုပ်ရမလဲ?
မိမိအိမ်ထောင်စုစာရင်းရှိတဲ့မြို့နယ်လဝက ရုံးကိုသွားပီးကြိုလုပ်ထားပါရန် ရန်ကုန်မှာရောက်နေတဲ့ နယ်ကလူတွေကတော့ ကိုယ်လက်ရှိ ရှိနေတဲ့ မြို့နယ် လဝက ရုံးကိုသွားပီး လုပ်ကြည့်ပါ တစ်ချို့ လဝက ရုံးတွေကလုပ်ပေးပါတယ်။
အိမ်ထောင်စုစာရင်း/ မှတ်ပုံတင်ထဲက အချက်လက်နဲ့ လဝက Server မှာသွင်းထားတဲ့အချက်လက် မှန်ရင် UID/EID Slip ထုတ်ပေးပါလိမ့်မယ်။
အိမ်ထောင်စုစာရင်း/ မှတ်ပုံတင်ထဲက အချက်လက်နဲ့ လဝက Server မှာသွင်းထားတဲ့အချက်လက်မှားနေတာမျိုးဆို သက်ဆိုင်ရာ ရုံးကပြန်ပြင်ပေးမှရနိုင်တာမလို့ အဲ့လိုဖြစ်ခဲ့ရင် နေထိုင်ရာ မြို့နယ်ရှိ မိသားစုဝင်တစ်ယောက်ယောက်ကို လဝက ရုံးသွားပီ ပြန်ပြင်ခိုင်းပါ ဒါမှ UID/EID Slip ထုတ်ပေးလို့ရမှာပါ ။
OWIC Card ထုတ်တဲ့အခါ UID/EID Slip ပြနိုင်မှထုတ်ယူလို့ရပါမယ်။
မှတ်ချက်: ဤ information သည် community experience မှ မျှဝေသည်သာ ဖြစ်ပါသည်။ မိမိ မြို့နယ် Immigration ရုံးနှင့် official sources မှ verify ပြုလုပ်ပါ။
