OWIC Cardလျောက်ရန် လိုအပ်ချက်များ
ခွင့်ပြန်သူများ၊ သက်တမ်းတိုး၊ အပျောက်လျောက်မည့်သူများ အတွက် အပြည့်အစုံ လမ်းညွှန်
ခွင့်ပြန်သူများ OWIC လျောက်ရန်လိုအပ်ချက်များ
ပြည်ပက ခွင့်နဲ့ ပြန်လာဖို့ ပြင်နေတဲ့ Passport - PJ များ ကြိုပြင်နိုင်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများ
ပြည်ပမှာ PJ passport နှင့်အလုပ်လုပ်နေသူများသိသာရန်မှာ ဝင်ငွေခွန်နဲ့ လစာ ၂၅% ပြန်ပို့ရတာကိုခွဲခွဲခြားခြားသိထားဖို့လိုပါတယ်။
ခွင့်ပြန် OWIC/သက်တမ်းတိုး/အပျောက်လျှောက်မည်သူများသည်
၁။ ဝင်ငွေခွန်ကို မြန်မာသံရုံး(သို့)ပြည်တွင်းအခွန်ဦးစီးရုံးတွေမှာဆောင်ထားတဲ့အထောက်အထားပြရမည်။
၂။ မိမိပြည်ပမှာရတဲ့လစာရဲ့ ၂၅% ကို တရားဝင်ပြည်ပဘဏ်(သို့)ငွေလွှဲကနေမြန်မာဘဏ်တစ်ခုခုကနေမိမိမိသားစု(သို့)မိမိ(သို့) တစ်ဦးဦးထံကိုပြန်ပို့တဲ့အထောက်အထား bank transfer slip ကိုပြရမည်။
မှတ်ချက် - သက်တမ်းကျန် OWIC ရှိပြီးသားသူများ ဘာမှလုပ်စရာမလိုပါ။
Pass အမျိုးအစားအလိုက် လိုအပ်ချက်
WP (Work Permit) — လစာ $1,200 အောက်
လစာ $1,200 အောက် WP ကိုင်ဆောင်သူများသည် အစိုးရ သတ်မှတ်ထားသော Agent ကိုသာ ဆက်သွယ်ပြီး OWIC လျောက်ထားရပါသည်။ ကိုယ်တိုင် တင်ခွင့် မရပါ။
SPass / EP / PR
SPass, EP, PR ကိုင်ဆောင်သူများသည် ကိုယ်တိုင် ပြုလုပ်နိုင်ပါသည်။
OWIC Card ထုတ်ရန် ၂ ချက် လုပ်ဆောင်ရပါမည်
အဆင့် ① — Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရပါမည်။
Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရန်
- မှတ်ပုံတင် မူရင်း နှင့် မိတ္တူ
- အမည်/အဘအမည်/လိပ်စာ/အလုပ်အကိုင် တို့ကို မှတ်ပုံတင် မိတ္တူ စာရွက်အနောက်တွက် ရေးပေးပီးလျှင်
Labour Card ရုံး ကောင်တာတွင် ထပ်ထားရပါမည်။ နာမည်ခေါ်လျှင် Labour card ဖိုး ၅၀၀ (သို့ ) ၁,၀၀၀ ကျပ် ပေးသွင်း / လက်ဗွေနှိပ် ပီးလျှင် Labour Card ထုတ်ပေးပါမည်။
အဆင့် ② — OWIC Card လုပ်ရန်
- အောက်တွင်ပေးထားသည့် အမှတ် ၁ မှ ၈ ထိ စာရွက်စာတန်းများနှင့်
- Labour Card ကို
OWIC Card ရုံး တွင် ထပ်ထားရပါမည်။ တိုကင် နံပါတ်ပြန်ထုတ်ပေးလိမ့်မည်။
တိုကင်နံပါတ်ခေါ်လျှင် OWIC ရုံးသို့ စာရွက်စာတမ်း စစ်ပြီး ၈,၀၀၀ (သို့) ၁၀,၀၀၀ ငွေသွင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်၊ နာရီ၀က်/တနာရီလောက် စောင့်ပြီးရင် OWIC Card ရပါပြီ။
မှတ်ချက်: ၈ မိုင် ရုံးတွင် ၂ ခုလုံး တနေရာထဲ နေ့ချင်းပီး လုပ်လို့ရပါသည်။
Labour Card (ခေါ်) အလုပ်သမားကဒ် ကို မိမိ နေထိုင်ရာ မြို့နယ်တွင်လဲလုပ်လို့ရပါသည်။ အချိန်ရသူများ မိမိနေထိုင်ရာ မြို့နယ်တွင် လုပ်ထားပါက ၈ မိုင်ရုံးတွင် ထပ်လုပ်စရာ မလိုအပ်ပါ။
Download Forms
အဆင့် တစ်ဆင့်စီအတွက် sample image ကြည့်နိုင်ပြီး Word / PDF ဒေါင်းလုပ်နိုင်ပါသည်
Passport မူရင်း / ဓါတ်ပုံပါတဲ့ Passport စာမျက်နှာ မိတ္တူ
နမူနာကြည့်ရန် Sample ခလုတ်နှိပ်ပါ
ရန်ကုန်လေဆိပ် အဝင်တုံး ထုထားတဲ့ Passport စာမျက်နှာ မိတ္တူ
နမူနာကြည့်ရန် Sample ခလုတ်နှိပ်ပါ
ကိုယ်နေတဲ့ ပြည်ပနိုင်ငံက ထုတ်ပေးတဲ့ IC မိတ္တူ (WP/SP/EP/PR ကတ်မိတ္တူ နှင့် SGWorkpass scan ထားသည့် page)
IC နမူနာ နှင့် SGWorkpass နမူနာ ကြည့်ရန် Sample ခလုတ်နှိပ်ပါ
မှတ်ပုံတင် မူရင်း / မိတ္တူ (နိုင်ငံသားစိစစ်ရေး NRC Copy)
Passport size photo ဓါတ်ပုံ ၁ ပုံ
အောက်တွင် ပေးထားသည့် OWIC ကိုယ်ရေးအချက်အလက် Form တွင် ကပ်ရန် ဖြစ်သည်။ မပါသွားပါက ၈ မိုင်ရုံးနားတွင် ဓါတ်ပုံအမြန် ရိုက်ပေးသည့် ဆိုင်ရှိပါသည်
အလုပ်ရှင်မှ ခွင့်ဖြင့် နေရပ်သို့ပြန်ခွင့်ပြုသည့် ခွင့်စာ
Sample ကြည့်ရန် Sample ခလုတ် / Word version ယူရန် Word ခလုတ်နှိပ်ပါ
OWIC နေပြည်တော် လိပ်မူ Form (လျှောက်လွှာ အပေါ်စာ ဟုလဲ ခေါ်သည်)
Sample ကြည့်ရန် Sample ခလုတ် / Word version ယူရန် Word ခလုတ်နှိပ်ပါ
အထက်ပါ အချက်များ အားလုံးပီးရင် Labour Card နဲ့ OWIC Card ရပါပီ
Sample ကြည့်ရန် Sample ခလုတ်နှိပ်ပါ
* Sample ကို နှိပ်ပါက နမူနာပုံ ကြည့်နိုင်သည်။ Word/PDF ကို ဒေါင်းလုပ်ဆွဲပြီး ဖြည့်နိုင်သည်။
ရုံးတည်နေရာ ဓာတ်ပုံများ
OWIC လျှောက်ထားသည့် ရုံးများ၏ တည်နေရာ ဓာတ်ပုံများ

၈ မိုင် OWIC ရုံး — အပြင်ဘက် မြင်ကွင်း
