ခွင့်ပြန်သူများ OWIC လျောက်ရန်လိုအပ်ချက်များ
ပြည်ပက ခွင့်နဲ့ ပြန်လာဖို့ ပြင်နေတဲ့ Passport - PJ များ ကြိုပြင်နိုင်ရန် လိုအပ်တဲ့ စာရွက်စာတမ်းများ
SPass/EP/PR များအတွက်သာ ဖြစ်ပါသည်။ လစာ $1200 အောက် WP များကို အစိုးရသတ်မှတ်ထားသော Agent နဲ့သာဆက်သွယ်ခိုင်းပါသည်။
OWIC Card လုပ်မည့်သူများ ခွင့်ပြန်အပါအ၀င်
OWIC Card မလုပ်ခင် နီးစပ်ရာ လ၀က တွင် မှတ်ပုံတင် မူရင်းနှင့် စစ်ပီး UID/ EID Slip စလစ်ယူခဲ့ရပါမည်
UID/ EID Slip အကြောင်း ဒီ link ပေါ်နှိပ်ဖတ်နိုင်ပါတယ်။
1. Passport မူရင်း / ဓါတ်ပုံပါတဲ့ Passport စာမျက်နှာ မိတ္တူ
(နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)
2. ရန်ကုန်လေဆိပ် အဝင်တုံး ထုထားတဲ့ Passport စာမျက်နှာ မိတ္တူ
(နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)
3. ကိုယ်နေတဲ့ ပြည်ပနိုင်ငံက ထုတ်ပေးတဲ့ IC မိတ္တူ (
စလုံးဆိုရင်
WP/SP/EP/PR ကတ် မိတ္တူ နှင့် SGWorkpass scan ထားသည့် page)
(IC နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)
(SGWorkpass နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)
4. မှတ်ပုံတင် မူရင်း / မိတ္တူ
5. Passport photo ဓါတ်ပုံ ၁ ပုံ ( အောက်တွင် ပေးထားသည့် OWIC ကိုယ်ရေးအချက်အလက် Form တွင် ကပ်ရန် ဖြစ်သည်။ မပါသွားပါက ၈ မိုင်ရုံးနားတွင် ဓါတ်ပုံအမြန် ရိုက်ပေးသည့် ဆိုင်ရှိပါသည်)
6. အလုပ်ရှင်မှ ခွင့်ဖြင့် နေရပ်သို့ပြန်ခွင့်ပြုသည့် ခွင့်စာ
(နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)
MSWord version ယူရန် Download
7. OWIC နေပြည်တော်လိပ်မူ Form ( လျှောက်လွှာ အပေါ်စာ ဟုလဲခေါ်သည်)
(နမူနာကြည့်ရန်ဒီစာပေါ်နှိပ်ပါ)
နှစ်သက်ရာ version download ယူရန်
Download Word Download PDF
8. OWIC ကိုယ်ရေးအချက်အလက် Form
(နမူနာကြည့်ရန် စာမျက်နှာ ၁ နှင့် ၂ ကို နှိပ်ပါ) စာမျက်နှာ ၁ စာမျက်နှာ ၂
နှစ်သက်ရာ version download ယူရန်
OWIC Card ထုတ်ရန်
၂ ချက် လုပ်ဆောင်ရပါမည်
( ၁ ) Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရပါမည်။
( ၂ ) OWIC Card လုပ်ရပါမည်။
- ၈ မိုင် ရုံးတွင် ၂ ခုလုံး တနေရာထဲ နေ့ချင်းပီး လုပ်လို့ရပါသည်။
- Labour Card (ခေါ်) အလုပ်သမားကဒ် ကို မိမိ နေထိုင်ရာ မြို့နယ်တွင်လဲလုပ်လို့ရပါသည်။ အချိန်ရသူများ မိမိနေထိုင်ရာ မြို့နယ်တွင် လုပ်ထားပါက ၈ မိုင်ရုံးတွင် ထပ်လုပ်စရာ မလိုအပ်ပါ။
( ၁ ) Labour Card (ခေါ်) အလုပ်သမားကဒ် (ခေါ်) ပုံစံ-၂ လုပ်ရန်
- မှတ်ပုံတင် မူရင်း နှင့် မိတ္တူ
- အမည်/အဘအမည်/လိပ်စာ/အလုပ်အကိုင် တို့ကို မှတ်ပုံတင် မိတ္တူ စာရွက်အနောက်တွက် ရေးပေးပီးလျှင်
Labour Card ရုံး ကောင်တာတွင် ထပ်ထားရပါမည်။ နာမည်ခေါ်လျှင် Labour card ဖိုး ၅၀၀ (သို့ ) ၁,၀၀၀ ကျပ် ပေးသွင်း / လက်ဗွေနှိပ် ပီးလျှင် Labour Card ထုတ်ပေးပါမည်။
( ၂ ) OWIC Card လုပ်ရန်
- အပေါ်တွင်ပေးထားသည့် အမှတ် ၁ မှ ၈ ထိ စာရွက်စာတန်းများနှင့်
- Labour Card ကို
OWIC Card ရုံး တွင် ထပ်ထားရပါမည်။ တိုကင် နံပါတ်ပြန်ထုတ်ပေးလိမ့်မည်။
တိုကင်နံပါတ်ခေါ်လျှင် OWIC ရုံးသို့ စာရွက်စာတမ်း စစ်ပြီး ၈,၀၀၀ (သို့) ၁၀,၀၀၀ ငွေသွင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေနှိပ်၊ မျက်လုံး Scan ဖတ်၊ နာရီ၀က်/တနာရီလောက် စောင့်ပြီးရင် OWIC Card ရပါပြီ။
မှတ်ချက်- Labour Card ရုံး နှင့် OWIC Card ရုံးသည် မနက် ၉ ခွဲ တွင် Form တင်ရန် တချိန်ထဲ ခေါ်သည့်အတွက် တယောက်ထဲ သွားသူများ Labour Card ပီးမှ OWIC Card လုပ်ရန် (သို့မဟုတ်) Labour Card ကို မိမိနေထိုင်ရာ မြို့နယ်တွင် အရင်လုပ်ထားရန် အကြံ ပေးပါသည်။
Sharing is Caring
အရာအားလုံးအဆင်ပြေချောမွေ့ကြပါစေ။